နောက်ဆုံးသော နေ့ရက်များ/၏ အခြေအနေ
3
နောက်ဆုံးသော/နေ့ရက်များ/၌ အလွန်/ခက်ခဲသော/အချိန် ရှိလိမ့်မည်/ဖြစ်ကြောင်း သင်/သိထားရမည်။ 2 အဘယ်ကြောင့်ဆိုသော် ထို/အချိန်/တွင် လူတို့/သည် ကိုယ့်ကိုယ်ကိုယ်/ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘ/စကား/နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊ 3 သနားကြင်နာ/စိတ်/မရှိသူ၊ မသင့်မြတ်လိုသူ၊ အတင်းအဖျင်း/ပြောသူ၊ စိတ်အလို/လိုက်သူ၊ ရက်စက်/ကြမ်းကြုတ်သူ၊ ကောင်းမှု/ကို မုန်းသူ၊ 4 သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရား/ကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်/ကို နှစ်သက်သည်/ထက် ကာမဂုဏ်/ခံစားမှု/ကို နှစ်သက်သူ၊ 5 ဘုရားတရား ကိုင်းရှိုင်း/ယောင်ဆောင်/၍ ကိုင်းရှိုင်းခြင်း/၏/တန်ခိုးတော်/ကို ငြင်းပယ်သူများ/ဖြစ်လာ/ကြလိမ့်မည်။ ထို/သူတို့/ကို ရှောင်လော့။
6 အဘယ်ကြောင့်ဆိုသော် သူတို့/ထဲမှ တချို့/သည် အိမ်များ/သို့ လှည့်စား/ဝင်ရောက်/၍ အညှာလွယ်သော/အမျိုးသမီးတို့/ကို အလွယ်တကူ သိမ်းသွင်းတတ်ကြ၏။ ထို/အမျိုးသမီးတို့/သည် အပြစ်/ဝန်ပိနေပြီး တပ်မက်မှု/အမျိုးမျိုး/၏ ဆွဲဆောင်ရာ/နောက်သို့ လိုက်သူများ/ဖြစ်၏။ 7 ထို/အမျိုးသမီးတို့/သည် အခြားသော/သွန်သင်မှုများ/ကို အစဉ်အမြဲ/ခံယူ/သော်လည်း သမ္မာတရား/ကိုမူ မည်သည့်အခါ/မျှ နားမလည်ကြ။ 8 ယန္နေ/နှင့် ယံဗြေ/တို့/သည် မောရှေ/ကို ဆန့်ကျင်/သကဲ့သို့ ထို/သူတို့/သည်လည်း သမ္မာတရား/ကို ဆန့်ကျင်ကြ၏။ သူတို့/သည် စိတ်ဓာတ်/ပျက်ပြား/၍ ယုံကြည်ယောင်/ဆောင်သူများ/ဖြစ်ကြ၏။
9 သို့သော် သူတို့/သည် များစွာ ရှေ့ဆက်/တိုးနိုင်/လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့/၏ မိုက်မဲမှု/သည် ယန္နေ/နှင့် ယံဗြေ/တို့/၏ မိုက်မဲမှု/ကဲ့သို့ လူအပေါင်းတို့/ရှေ့တွင် ထင်ရှားမည် ဖြစ်/သောကြောင့်/ပင်။
ကျမ်းစာတော်/မှ ရရှိသော/အကျိုးကျေးဇူး
10 သို့သော် သင်/သည် ကျွန်ုပ်/၏/သွန်သင်ခြင်း၊ ကျင့်ကြံ/နေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း/တို့ကို သိ၏။ 11 အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့/တို့/တွင် ကျွန်ုပ်/မည်သို့/ညှဉ်းပန်းနှိပ်စက် ခံရ/၍ ဆင်းရဲဒုက္ခ/ကြုံခဲ့ရသည်/ကိုလည်း သင်/သိ၏။ သို့သော် သခင်ဘုရား/သည် ထို/ဆင်းရဲဒုက္ခ/အပေါင်း/မှ ကျွန်ုပ်/ကို ကယ်တင်တော်မူ၏။ 12 အမှန်ပင် ယေရှု/ခရစ်တော်/ကို ယုံကြည်/၍ ဘုရားတရား/ကိုင်းရှိုင်း/လျက် နေထိုင်/လိုသူ/တိုင်း ညှဉ်းပန်း/နှိပ်စက်/ခံရ/လိမ့်မည်။ 13 ဆိုးညစ်သော/သူများ/နှင့် ယောင်ဆောင်/လှည့်ဖြားသူများ/သည် သူတစ်ပါး/ကို လှည့်ဖြား/ပြီး ကိုယ်တိုင်/လည်း လှည့်ဖြားခံရ/လျက် ဆိုးသည်/ထက် ပို/၍ ဆိုးလာ/လိမ့်မည်။ 14 သို့သော်လည်း မိမိ/သင်ယူပြီး ခိုင်မြဲ/စွာ ယုံကြည်သော/အရာများ/ကို ဆက်လက်/၍ ယုံကြည်လော့။ ထို/အရာတို့/ကို မည်သူ့/ထံမှ သင်ယူခဲ့သည်/ကို သင်/သိ၏။ 15 ယေရှု/ခရစ်တော်/ကို ယုံကြည်ခြင်း/ဖြင့် ကယ်တင်ခံရ/ရန် လမ်းညွှန်သည့်/ဉာဏ်ပညာ/ကို သင့်/အား ပေးနိုင်သော ကျမ်းစာတော်/နှင့် သင်/သည် ငယ်/စဉ်/ကတည်းက ရင်းနှီးကျွမ်းဝင်သည်/ကို သင်/သိ၏။ 16 ထို/ကျမ်းစာ/အားလုံး/သည် ဘုရားသခင်/မှုတ်သွင်းတော်မူပြီး သွန်သင်ခြင်း၊ ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ဖြောင့်မတ်လာ/စေရန် ဆုံးမပဲ့ပြင်ခြင်း/တို့/အတွက် အသုံးဝင်၏။ 17 ဤသည်/မှာ ဘုရားသခင်/၏/လူတို့/သည် ကောင်းမှု/အမျိုးမျိုး/အတွက် အသင့်/ပြင်ဆင်ခံရ/လျက် အရည်အချင်း/ပြည့်ဝသူ ဖြစ်လာ/ရန်ပင် ဖြစ်၏။